Breaking News

သရဲကြောက်၍ ယခုလို လုပ်လိုက်သည်

ကျွန်ုပ်တို့ ငှားနေသောအိမ်သည် စာမွဲကျသောကြောင့် မိမိဘာသာ ဆွဲကြိုးချ၍ သေဆုံးသွားသော ကုလားမလေးတစ်ယောက် ရှိသည်ဟု ကြားဖူး၏။ ထိုကုလားမလေးသည် ကျွန်ုပ်၏အခန်းဘေးဖြစ်သော ဦးရာဇိန် အခန်းတွင်နေ၏။ ဦးရာဇိန်၏ပြောပြချက်အရ ညစဉ်ညတိုင်းလိုလိုပင် တစ္ဆေလည်း ခြောက်၏ဟု ဆိုပြန်သေး၏။

ထိုကုလားမလေးသည် စာမွဲကြောင့် သေသည့်အလျောက် စာကျက်နေသံကိုလည်း ရွံ့မုန်း၏ဟု ကြားဖူး၏။ စာကျက်သံကြားလျှင် တံခါးကို လေမလာပဲ ဝုန်းဒိုင်းပိတ်ခြင်း ခဲမိုးရွာသကဲ့သို့ အုတ်ကြွပ်များကို ထြုခင်း [ ဒီနယ်မြေက သွပ် စသည် မသုံး] တို့ကြောင့် စာကျက်ပျက်ခြင်း အိပ်ရေးပျက်ခြင်းများလည်း ကြုံ၏။
ထို့ကြောင့် ယနေ့ ကေလနိယတက္ကသိုလ်၏ ဒါရိုက်တာကြီးမှ မူရင်းထုတ်ပြန်ထားသည့် Examination Time Table ကို တဖန်ပြောင်းကာ ရှေ့သို့ စာမွဲရက်ပိုမိုနီးကပ်အောင် ပြင်ဆင်လိုက်သောကြောင့် ဒေါသထွက်ပြီး သရဲလည်း အခန်းဘေးမကပ်နိုင်အောင် စာမွဲရက်နီးပြီဆိုတာလည်း သတိဝင်အောင် Examination Time Table ကြီးကို ၄င်းအဝင်အထွက်ပြုလုပ်သော တံခါးပေါက်မကြီးတွင် ယခုကဲ့သို့ ထင်ထင်ရှားရှား တိပ်ဖြင့် ကပ်ထားသည် ဟူသတတ်။

I have to stop using FB until it is from know to have finished examination. So, if you want to contact to me you could communicate with WWW.VIBER.COM.