Breaking News

နေဝင်ချိန်

နေဝင်ချိန်ဟာ မြန်လာသလိုပဲ
အနာပေါ်ကျမိတဲ့ ဒုတ်လို
မျက်ရည်ဟာ တဆစ်ဆစ်နာကျင်ခဲ့။
တွဲခဲ့တဲ့လက်တွေ ဖြုတ်ဖို့ 
အချက်ပြတဲ့ လက်တံတခုမှာ
နတ်ဆိုးတွေ ရေးခဲ့တဲ့ နာကျင်ခြင်း။
တုန်ယင်နေတဲ့အသံတွေဟာ
လက်ယမ်းပြဖို့ 
နောက်ဆုံးအမှတ်စဉ်မရောက်ခင် ပိုပိုသွက်လာခဲ့တယ်။
မင်းလည်း မျက်ရည်မကျနဲ့
ငါလည်း မငိုကြွေးဘူး။
ဒီလိုနေဝင်ချိန်မှာ
မင်းနဲ့ငါ ကျေကျေနပ်နပ် လမ်းခွဲဖို့ 
ကျနေတဲ့ ငါတို့ မျက်ရည်တွေ သုတ်ပစ်ရမယ်။

မောင်ချမ်းမွန်