Breaking News

အရှင်စန္ဒာဒီပ၏ အတ္ထုပ္ပတ္တိ



အရှင်စန္ဒာဒီပကို မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မကျီးကုန်းရွာ၊ ခမည်းတော် ဦးကျော်ဌေး + မယ်တော် ဒေါ်စိန်အေးတို့မှ ၁၃၅၂ ခုနှစ်၊ နယုံလဆန်း ၈ ရက် (၃၁-၅-၁၉၉၀) အင်္ဂါနေ့တွင် မီးရှုးသန့်စင်ဖွားမြင်၍ မွေးချင်း ၈ ယောက်ရှိရာတွင် သတ္တမမြောက်သား ဖြစ်သည်။

ရှင်သာမဏေပြုခြင်း
၁၃၆၂ ခုနှစ်၊ နတ္တော်လဆန်း (၁၅)ရက် (၁၀-၁၂-၂၀ဝ၀) တနင်္ဂနွေနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မကျီးကုန်းရွာ၊ ဦးစိုးဝင်း + ဒေါ်တင်လှမြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ၏ အထံတော်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ရဟန်းဖြစ်တော်မူခြင်း
၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလဆန်း (၁၃)ရက် (၂၄-၆-၂၀၁၀) ကြာသာပတေးနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြောက်ကျင်းရွာ၊ ရဟန်းဒါယကာ ဦးစိုးဝင်း + ရဟန်းဒါယိကာမ ဒေါ်တင်လှမြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် မြောက်ကျင်းရွာ ရွှေမြင်သာကျောင်းတိုက်အတွင်းရှိ ခဏ္ဍသိမ်တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

၁၃၇၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၁ ရက် (၂၆-၃-၂၀၁၄) ဗုဒ္ဓဟူးနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဥန္နဲသာရွာ၊ ကိုဝင်းနိုင် + မမာမာခိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် ပန်းရွာကျောင်းတိုက်အတွင်းရှိ ခဏ္ဍသိမ်တွင် ပုနောပသမ္ပဒ ကံထပ်မင်္ဂလာပြုလုပ်ခဲ့ပါသည်။

ပညာသင်ယူတော်မူခြင်း
ငယ်ဆရာအရင်းဖြစ်တော်မူသော သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ၏အထံတော်တွင် ကကြီးမှအစ ပညာသင်ယူခဲ့ပြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ(မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇော်ဂျီလမ်း၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (သ-စ-အ) အထံတွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်း၊ ရှမ်းစုရပ်ကွက်၊ ဆင်ဖြူစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ)နှင့် အနုနာယကစာချဆရာတော်များအထံတော်တွင် ပရိယတ္တိစာပေများကို လေ့လာသင်ယူ ဆည်းပူးခဲ့ပြီး၊  ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃)ဝိုင်း၊ နိုင်ငံတကာအဆင့်မီ ပါရမီအင်္ဂလိပ်သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂသေနနှင့် သင်တန်းဆရာ၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှ Ven. Prof. M. Wimalagnana, Snr. Lec. Ven. Dr. Wadinagala Pannaloka, Ven. Prof. R. Padmasiri, Snr. Lec. Dr. A. Welitota, Prof. W. Priyadarshana, Dr. Yu, Nam-Hyun, Dr. Prinsi Peiris  တို့အထံတွင်လည်းကောင်း ဘာသန္တရစာပေများကို လေ့လာသင်ယူ ဆည်းပူးခဲ့ပါသည်။

အောင်မြင်တော်မူခဲ့သော စာမေးပွဲများ
၁၃၆၄ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ ပထမဆင့်ကို အောင်မြင်ခဲ့ပါသည်။
၁၃၆၅ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ ဒုတိယဆင့်ကို အောင်မြင်ခဲ့ပါသည်။
၁၃၆၆ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ တတိယဆင့်အောင်မြင်ခဲ့ပါသည်။
၁၃၆၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာပေးပွဲ၌ ပထမငယ်တန်းကို အောင်မြင်ခဲ့ပါသည်။
၁၃၆၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာမေးပွဲ၌ ပထမလတ်တန်းကို အောင်မြင်ခဲ့ပါသည်။
၁၃၆၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းကို အောင်မြင်ခဲ့ပါသည်။
၁၃၇၂  ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ အဋ္ဌသာလိနီကျမ်းကို အောင်မြင်ခဲ့ပါသည်။
၁၃၇၃ ခုနှစ်တွင် တောင်ပြင်ထီးလင်းတိုက် သာသနမာမက ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။
၁၃၇၄  ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ သီလက္ခန်ကျမ်းကို အောင်မြင်ခဲ့ပါသည်။
၁၃၇၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သောကြောင့် နိုင်ငံတော်မှ ဆက်ကပ်သော သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့သည်။
၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ ပရိယတ္တိသာသနဟိတဓရ ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။
၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သဒ္ဓမ္မပါလနိကာယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။
၁၃၇၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော နိကာယ်စာမေးပွဲတွင် ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။
၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သည်။
၁၃၇၆ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် သီလက္ခန်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သည်။
၁၃၇၇ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် အဋ္ဌသာလိနီကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သောကြောင့် ရာမညမူလ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့သည်။
၁၃၇၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ် (post Graduate Institute of Pali and Buddhist Studies) Master of Arts Degree Course ကို ဖြေဆိုအောင်မြင်သောကြောင့် MA-Buddhism(Srilanka) ဘွဲ့ကို ဆပ်ကပ်ခံခဲ့ရသည်။

စာပေဆုများ

အရှင်စန္ဒာဒီပသည် မောင်ချမ်းမွန်ဟူသော ကလောင်အမည်ဖြင့် စာပေရေးသားရာ အောက်ပါဆုများကို ရရှိခဲ့သည်။
၁။ ၂၀၁၂ ခုနှစ်တွင် သခင့်ရဲ့ဂုဏ်ရည်သဘောခေါင်းစဉ်ဖြင့် ဧဒင်ဥယျာဉ်ဝက်ဆိုဒ်တွင် ကဗျာ တတိယဆု ရရှိခဲ့သည်။
၂။ ၂၀၁၂ ခုနှစ်တွင် မိဘကျေးဇူးခေါင်းစဉ်ဖြင့် ထာဝရသူငယ်ချင်းဝက်ဆိုဒ်တွင် ကဗျာ တတိယဆု ရရှိခဲ့သည်။
၃။ ၂၀၁၂ ခုနှစ်တွင် မွေးနေ့ဆုတောင်းခေါင်းစဉ်ဖြင့် အလင်းကမ္ဘာဝက်ဆိုဒ်တွင် ကဗျာ ပထမဆု ရရှိခဲ့သည်။
၎။ ၂၀၁၄ ခုနှစ်တွင် ဘဝအမြင်ခေါင်းစဉ်ဖြင့် ရွှေမြို့တော်ဝက်ဆိုဒ်တွင် ဆောင်းပါး ပထမဆု ရရှိခဲ့သည်။
၅။ ၂၀၁၄ ခုနှစ်တွင် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (ရန်ကုန်)တွင် ဆောင်းပါး တတိယဆု ရရှိခဲ့သည်။
၆။ ၂၀၁၇ ခုနှစ်တွင် ငါတို့သည် Save The Aged ခေါင်းစဉ်ဖြင့် Save The Aged (သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်း)တွင် ကဗျာ တတိယဆု ရရှိခဲ့သည်။
၇။ ၂၀၁၇ ခုနှစ်တွင် မြင်းမိုရ်ထက်မြင့်သော ခေါင်းစဉ်ဖြင့် ရသသွေးစာပေတွင် ဝတ္ထုတို နှစ်သိမ့်ဆု ရရှိခဲ့သည်။


စာရေးသားခြင်း
အရှင်စန္ဒာဒီပ ရေးသားသော မဂ္ဂဇင်း၊ စာစောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ကြေးမုံသတင်းစာ
၂။ ပြည်ချစ်သားဂျာနယ်
၃။ စံတော်ချိန်သတင်းစာ
၎။ မြန်မာတိုင်း(မ်)သတင်းစာ
၅။ The Femily life မဂ္ဂဇင်း
၆။ ရယ်စရာမဂ္ဂဇင်း
၇။ ပြုံးစရာမဂ္ဂဇင်း
၈။ ရတနာပုံသတင်းစာ

စာပေထုတ်ဝေခြင်း
အရှင်စန္ဒာဒီပသည် အောက်ပါစာအုပ်များကို ထုတ်ဝေထားပါသည်။
၁။ သုဓမ္မဝတီ ပဋ္ဌဌာန်းငွေရတု မဂ္ဂဇင်း
၂။ ဂုဏဝိသိဋ္ဌဌပူဇာ
၃။ ကြေးမုံဝတ္ထုတိုစုစည်းမှု (ကြေးမုံ)


ယခုအခါ အရှင်စန္ဒာဒီပသည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ အမှတ် (၂၈၄)၊ ဒေမတဂေါတလမ်း၊ မကုဋရာမမြန်မာကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ပြီး M-phil တန်းကို သင်ကြား၍ ဘာသန္တရစာပေများကို ဆက်လက်ဆည်းပူးလျှက် ရှိသည်။