Breaking News

ပန်းတွေ မဝေနိုင်တဲ့ မြို့



တစ်ပွင့်တည်း ဝေ . . . ပြီး
တစ်တောလုံးကို ချွေမတဲ့လား။

တိတ်တိတ်ကလေး ဖူးပြီး
တိတ်တိတ်ကလေး ပွင့်ခဲ့
ဟော ခု
ဒီမိုး . . . ဒီရေ
ဒီလေ . . . ဒီလှိုင်းတွေကြားမှာ
ဒီဒဏ်တွေ ခံနိုင်ရိုးလား။


ကမ်းပါးသစ်ပင်လို
စွဲစွဲမြဲမြဲ တွယ်ရစ်ထားပေမယ့်လည်း
နောက်ဆုံးတော့
တိတ်တိတ်လေးပဲ ကြွေ . . . ခဲ့ . . . ရ . . . ။


တစ်ပွင့်တည်းနဲ့ 
တစ်တောလုံးကို မမွှေးနိုင်ဘူး
(အာသာဝတီနွယ်ပန်း မဟုတ်ခဲ့ရင်ပေါ့)
နေရောင်ခြည် မနွေးသမျှတော့
ဒီတပွင့်လည်း 
တိတ်တိတ်ကလေး ကြွေရဦးမှာပဲလေ . . . . ။


#မောင်ချမ်းမွန် [သူငယ်ချင်းသို့ . . . ]
04/06/2019
Tuesday : 09:09:00